Popular Posts

Friday, May 27, 2011

စည်းနဲ့ ကြိုး


တို့နှစ်ယောက်ကို
စည်းတစ်ကြောင်းနဲ့ ခြားထားသလို
တို့နှစ်ယောက်ကို
ကြိုးတစ်ချောင်းနဲ့ ချည်ထားတယ်။
စည်းက သေးပေမယ့်
ငါတို့ ကျော်လို့မရဘူး
ကြိုးက တိုပေမယ့်
ငါတို့ ပြေမသွားဘူး။
ကောင်လေးရေ....
စည်းတစ်ဖက်ခြားက
ကြိုးတစ်စကို
ဖြည်ချမသွားနဲ့ကွယ်
အထီးကျန်တဲ့ချောက်ထဲ
ငါ လဲကျမသွားရဲလို့ပါ....

နိုင်းနိုင်းစနေ

No comments:

Post a Comment