Popular Posts

Friday, May 27, 2011

ပြိုကွဲသွားတဲ့အိပ်မက်


အစက....
ပင်လယ်ပြင်ကို ငှက်ကလေး မဖြတ်သန်းနိုင်ဘူးလို့
ကျွန်မထင်ခဲ့တယ်။

ပင်လယ်ပြင်ကို ဖြတ်ပျံရဲတဲ့သတ္တိ
ငှက်ကလေးမှာ မရှိဘူးလို့လည်း ထင်ခဲ့မိတယ်။


ပင်လယ်ပြင်ကို ငှက်ကလေး ဖြတ်မပျံရဲတာ မဟုတ်ဘဲ
ပင်လယ်တစ်ဖက်က
“စောင့်မျှော်ခြင်း” ဆိုတဲ့ အသိုက်မြုံလေး
ပျက်စီးသွားလို့ဆိုတာကို

နှစ်အတော်ကြာမှ..... ကျွန်မသိလိုက်ရတယ်။

နိုင်းနိုင်းစနေ

No comments:

Post a Comment