Popular Posts

Friday, May 27, 2011

၂ဝဝ၉ ----> ၂ဝ၁ဝ



ဘာမှလည်း ထွေထွေထူးထူး မလုပ်ခဲ့ပါဘူး
ဒါနဲ့တင် အပြောင်းအလဲပေးပါလို့
အော်နေသူပါ

ပြက္ခဒိန်တွေ
တစ်ရွက်ပြီးတစ်ရွက်ကြွေတယ်
၂ဝဝ၉ သစ်ပင်ကြီး
ရာသီကုန်လို့ ခုတ်လဲခံရတယ်
ဘာအပွင့်မှ ဝေဝေဆာဆာ မပွင့်ခဲ့ဖူးသလို
ဘာအသီးမှလည်း ချိုချိုမြိန်မြိန် မသီးခဲ့ပါဘူး။

ဒါနဲ့တင် ၂ဝ၁ဝမှာ
အပြောင်းအလဲပေးပါလို့
ဘဝကူးကောင်းအောင် အော်နေခဲ့တယ်။

နိုင်းနိုင်းစနေ

No comments:

Post a Comment